ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်း Physical Exam
ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်း Physical Exam ရှေးဦးသူနာပြုစုခြင်းနှင့် အရေးပေါ်ကယ်ဆယ်ရေးသမားများအတွက် ภาษาไทย For English click here အသက်၁၈-၂၀ခန့် မိန်းကလေးသည် ကျွန်ုပ်တို့ သူမ၏ ရင်ဘတ်နှင့် နံရိုးများကို စမ်းသပ်ရာတွင် မျက်ရည်ကို ပြန်လည် ချုပ်တည်းထားသည်။ သူမ သည် နာကျင်မှုကို ခံစားရင်း အံကြိတ်ကာ အသက်ကို ကြိုးစား ရှူနေသည်။ သူမ၏ ဒဏ်ရာများကို ကျွန်ုပ်တို့၏ လက်ဖြင့် စမ်းသပ်ရှာဖွေသည့်အခါ လေးစားစွာဖြင့် စမ်းသပ်ခွင့်တောင်းရန်လိုအပ်ပေသည်။ထိုသို့စမ်းသပ်ရာတွင် "လူနာ နာသလား?"။ အရိုးကျိုးနေသောခံစားချက်မျိုး လက်တွင်စမ်းမိသလား?။ ကျွန်ုပ်တို့၏ လက်ချောင်းထိပ်များတွင် သွေးစများ ရှိနေသလား။ သူမ၏ အသက်ကို ကယ်တင်နိုင်မည့် တစ်စုံတစ်ရာကို ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိပြီလား။ လူနာ၏ ခန္ဓာကိုယ်ကို သင့်လျော်စွာ စမ်းသပ်ကြည့်ရှုခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုသည် ကျွန်ုပ်တို့ မသိရှိခဲ့သည့် အသက်ကယ်နိုင်သော အချက်များကို တွေ့ရှိနိုင်ပါသည်။ လူနာ၏ အခြေအနေကို အကဲဖြတ်ရာတွင် အခြားသော စမ်းသပ်မှုများသည် ပုံမှန်မဟုတ်သောအရာများကို ရှာဖွေသကဲ့သို့ပင်၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုသည်လည်း ပုံမှန်မဟုတ်သော လက္ခ...