လူနာ၏ရောဂါရာဇဝင် Patient History
လူနာ၏ရောဂါရာဇဝင် ရှေးဦးသူနာပြုနှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာ တုံ့ပြန်မှု ภาษาไทย Click for English ရှေးဟောင်းပုံပြင်တစ်ပုဒ်မှာ မျက်မမြင်ခြောက်ယောက်က ဆင်တစ်ကောင်ရဲ့ မတူညီတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုကိုင်တွယ်စမ်းသပ်ပြီး ဘာတိရစ္ဆာန်ဖြစ်တယ်ဆိုတာကို တစ်ယောက်နဲ့တစ်ယောက် အပြိုင်ငြင်းခုံနေကြတယ် ဆိုပြီးပြောဆိုတာမျိုးကြားခဲ့ဖူးသည်။ကျွန်ုပ်တို့အနေနဲ့ လူနာရဲ့စမ်းသပ်စစ်ဆေးမှုမှရရှိလာတဲ့ အချက်တစ်ချက်လောက်ကိုသာအခြေခံပြီး ရောဂါအခြေအနေကိုသုံးသပ်တာမျိုးကိုရှောင်ရပါမည်။အဲ့အစား ထိုစမ်းသပ်စစ်ဆေးမှုမှရရှိလာတဲ့ အချက်အလက်အားလုံးကို ထည့်သွင်းစဉ်းစားပြီးမှ လူနာကဘာဖြစ်နေတယ်ဆိုတာကိုနားလည်နိုင်အောင်ကြိုးစားရမည်။မျက်မမြင်တွေဟာ သူတို့တစ်ဦးချင်းစီ သိရှိနားလည်တဲ့ အချက်အားလုံးကို စုပေါင်းပြီးစဉ်းစားပါက ဆင်ဖြစ်တယ်ဆိုတာကိုနားလည်နိုင်ပေသည်။ လူနာတစ်ယောက်ကို စစ်ဆေးကုသနိုင်ရန်အတွက် အခင်းအခြေအနေကို သုံးသပ်လေ့လာခြင်း၊ အသက်အန္တရာယ် စိုးရိမ်ရသောအခြေအနေ ရှိ မရှိ စစ်ဆေးခြင်း၊ လူနာ၏အဓိက ဝေဒနာအားဖော်ထုတ်မေးမြန်းခြင်း ဆိုသည့် အချက်များမှ စတင်ရပါမည်။ ယခုအဆင့်မှတစ်ဆင့် လူနာရာဇဝင်ကို မေးမြန်းခြင်းဖြင့် အသေးစိတ်အချက်အလက်များကို ရ...